Armitage မှာ network တစ်ခုထဲမှာ ရှိတဲ့ ကွန်ပြူတာတွေကို scan ဖတ်ကြည့်လို့ရပြီးတော့ ဘယ် exploits ကအလုပ်ဖြစ်မယ်ဆိုတာကို ပြပေးနိုင်တဲ့ active check ဆိုတာပါရှိပါတယ်။ တစ်ကယ်လို့ အဲဒီ option ကအလုပ်မဖြစ်ဘူးဆိုရင်လည်း သူ့မှာ Hail Mary ဆိုတဲ့ attack တစ်ခုပါပြီးသားရှိပါတယ်။ အဲဒီကောင်လေးက ကိုယ့် Target ကို အကောင်းဆုံး exploit လုပ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ အမွှေ ဇယားပေါ့ဗျာ။
ဒီနေရာမှာတော့ Hail Mary Attack ကိုမသုံးပါဘူး Find Attack နည်းကိုသုံးပြပါမယ်။
Armitage ကို run ဖို့လိုအပ်တာတွေကတော့
- Latest Metasploit framework 4.3 or above
- Oracle Java 1.7
အဆင့် ၁ : Backtrack ကိုဖွင့်ပါ ။ ပြထားတဲ့အတိုင်း အဆင့်ဆင့် ၀င်ပါ။
- Exploitation Tools > Network Exploitation Tools > Metasploit Framework > armitage
ဒီနေရာမှာ နည်းနည်းကြာပါလိမ့်မယ် စိတ်ရှည်ရှည်ထားပြီး စောင့်ပေးပါ။ ဒါမှမဟုတ် အိပ်နေလိုက်ပေါ့ :P
အဆင့် 4 - Armitage ရဲ့ window တက်လာပါပြီ . .။
သူ့မှာ Panel သုံးခုရှိပါတယ် TARGET PANEL ရယ် MODULE PANEL ရယ် TABS PANEL ရယ် ဖြစ်ပါတယ်။ TARGET PANELက Ip Address တွေနဲ့ အခြားအချက်တွေကို ပြပေးမယ့်နေရာပါ။MODULE PANEL ကတော့ auxiliary တွေ exploit တွေ payload တွေ နဲ့ post တွေကို ပြပေးမှာဖြစ်ပြီးတော့ TABS PANELကတော့ ဖွင့်သမျှကို Tab အသစ်တစ်ခုစီနဲ့ ဖွင့်ပေးမှာဖြစ်ပါတယ်။ ပိတ်ချင်ရင်တော့ x လေးကို နှိပ်လိုက်ယုံပါပဲ။
အခု alive ဖြစ်နေတဲ့ host ကိုရှာပါမယ်။ Host ဆိုတဲ့ tab ထဲက Nmap Scan > Quick Scan OS detect ဆိုတာကိုရွေးပေးပါ။
ဘောက်စ် လေးတစ်ခုကျလာပါလိမ့်မယ် . . . . ။ ဒီနေရာမှာ scan range ကိုရွေးပေးရမှာဖြစ်ပါတယ်။ ip ဘယ်လောက်ကနေ ip ဘယ်လောက်ဆိုတာမျိုးပါ။ Scan Complete ဆိုတာနဲ့ alive host တွေရှိနေရင်အောက်မှာပြထားတဲ့အတိုင်း target panel မှာ ပေါ်လာပါလိမ့်မယ်။
အခု attack ရွေးပါမယ် ။
Attack ဆိုတဲ့ tab ကိုရွေးပါ။ Find Attacks ကို ကလစ်ပါ။ Target Panel ထဲက Host တွေအတွက် အသင့်တော်ဆုံး attack ကိုရှာပေးပါလိမ့်မယ်။
Attack ဆိုတဲ့ tab ကိုရွေးပါ။ Find Attacks ကို ကလစ်ပါ။ Target Panel ထဲက Host တွေအတွက် အသင့်တော်ဆုံး attack ကိုရှာပေးပါလိမ့်မယ်။
attack ရွေးပြီးတာနဲ့ message box လေးတစ်ခုကျလာပါလိမ့်မယ်။
Vulnerebility Set လုပ်ပါမယ်။
Host ပေါ်မှာ Right click ထောက်ပါ။ smb ကို click ပါ။ ms08_067_netapi vulnerebility ကိုရွေးပေးပါ။
Host ပေါ်မှာ Right click ထောက်ပါ။ smb ကို click ပါ။ ms08_067_netapi vulnerebility ကိုရွေးပေးပါ။
Checkbox ကို click ပါ။ reverse connectionကိုရွေးပါ။ Launch Button ကိုနှိပ်ပါ။
Target Host ကvulnerable ဖြစ်တယ်ဆိုရင် အနီရောင် မိုးကြိုးပုံလေးကို ပြောင်းသွားပါမယ်။ ဒါဆိုရင်တော့ သဘောရှိလို့ရပါတော့မယ် :D